Saturday, April 30, 2011

{New Year Panchin Ta }(5)

 ကျွှန်တော် ကျွှန်မတို့ ယခု လို မြန်မာနှစ်ကူး သင်္ကြန်အချိန်အခါတွင်
ရေခြားမြေခြား ဘာသာခြား လူမျိုးခြား အရပ်ဒေသတစ်ခု မှာ ယခု လို အခက်အခဲးအမျိုမျိုးကြားမှ နေပြီး ဘုရားကြီးအား ရေသပ္ပါယ်
သန်ရှင်ရေးကုသိုလ်ပြု ဗဒုမ္မာကြာသင်္ဃန်းအသစ်လဲလှယ်ခြင်း
ကုသိုလ်များကိုအောင်မြင်စွာဖြင့် လူ နတ် ဗြဟ္မာ သတ္တ၀ါတို့  အားလုံးအတွက်ရည်မှန်း၍ ကုသိုလ် ပြုလုပ်ကြခြင်းဖြစ်ပါသည်။
ဤကဲသို့  ပြုလုပ်ကြရသော ကုသိုလ်ကံ စေတနာတို့ ကို အရပ် ဆယ်မျက်နှာမှာ မှီတင်းနေထိုင်ကြကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါတို့  အားလုံးအာ ရည်မှန်းပြီး အမျှ အမျှ အမျှ ပေးဝေပါသည်။
ရောက်ရာ အရပ် ရောက်ရာ ဒေသမှ နေပြီး ကျွှန်တော် ကျွှန်မတို့ ပြု
သော ကုသိုလ် စေတနာတို့ ကို ကြားနိင်ကြပါစေ မြင်နိင်ကြပါစေ
ယုံကြည်စွာဖြင် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု သာဓု သာဓု
ခေါ်ဆိုနိင်ကြပါစေလို့  ဆု တောင်မေတ္တာပေးဝေလိုက်ပါသည်။
အမျှ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ချမ်းသာစွာဖြင့် ဘာသာအကျိုး
သာသနာအကျိုး ရောက်ရာ အရပ်ဒေသမှ လူသတ္တ၀ါတွေ၏ အကျိုးတို့ ကို ဆောင်ရွက်နိင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါသည်။


     



 
 ဤကမ္ဘာ လောကကြီး၌ ပုဂ္ဂိုလ်သတ္တ၀ါ ဟုသမျှသည်-
လူချင်းတူသော်လည်း - ညဏ်ချင်းမတူ
ညဏ်ချင်းတူသော်လည်း - ၀ီရိယချင်းမတူ
ဝီရိယချင်းတူသော်လည်း - သတိချင်းမတူ
သတိချင်းတူသော်လည်း - သမာဓိချင်းမတူ
သမာဓိချင်းတူသော်လည်း - ပဋ္ဌာန်ဆက်ချင်းမတူ
ပဋ္ဌာန်းဆက်ချင်းတူသော်လည်း - ဆု တောင်းချင်းမတူ

ဆု တောင်းချင်းတူသော်လည်း - သဒ္ဒါချင်းမတူ
သို့ မတူ၍သာ `ကံ ` ကွဲပြားခြားနားနေကြပါသည်။     



{စိတ်ကို အသိညဏ်ကအုပ်စိုး၏။}
 {အသိညဏ်ကို ဗဟုသုတကအုပ်စိုး၏။} 
 {စာဖတ်တတ်လျှက် မဖတ်သောသူသည်၊}{ပြူတင်းပေါက်ရှိလျှက် မပွင့်သော အိမ်နှင့်တူသည်။}


 
ဤဘုရားကြီးအား ပြင်ဆင်မွန်းမံ တည်ထားကိုးကွယ်ခဲ့ကြသော
ခုနှစ်မှတ်တမ်းများဖြစ်ပါသည်။ ဘုရားကြီး၏ ဦးခေါင်းတော်အောက် ဘက်တွင်ရေးမှတ်ထားခြင်ဖြစ်ပါသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.