Monday, April 18, 2011

{New Year Panchin Ta }(2)

နှစ်သစ်မှာ စေတနာအပြည့်နဲ မဲညစ်နေတဲ့ ဘုရားရင်ပြင်တော်ကို
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ၏ ကိုယ်စား ဘုရားတပည်တော်တို့  စိတ်တူကိုယ်တူ သဒ္ဒါတူသည် ညီအကို တစ်စုက သန်ရှင်း
ကုသိုလ်ပြု ခဲ့ကြပါသည်။
ယခုကဲ့သို  ထိုင် ဆင်းတုတော်ကြီး တစ်ဆူလည်းရှိပါသေးသည်၊ ဘုရားကြီးအား ဆင်မင်းက နို့ ဆွမ်းကပ်နေပြီး မျေက်မင်းက ပျားရည်ကပ်နေသည်ဟန်ဖြစ်ပါသည်။
အသင်သာ ဘာသာမတူ လူမျိုးမတူ နေရာဒေသမတူ ဝေးလံတဲ့ အရပ်မှာရှိတဲ့ ဤဂူဘုရားများအား ဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့ပါက အံသြမဆုံး ကြက်သီးမွှေးညှင်းများ ထမည်ဆိုသည်မှာ မလွဲပါ။
သပ္ပါယ်လှတဲ့ လျှောင်းတော်မူ ဘုရားကြီး၏ မျက်နှာတော်ပါ။ မြန်မာမှ ပြု တဲ့ ကိုမောင်ဇော်နှင့် ညီအကိုတစ်စု  လက်ရာပါ။
ဘုရားကြီးအား ယခု ကဲ့သို့  စိတ်အား ခွန်အား အပြည့်ဖြင့် အချိန်မကုန်အောင် အမြန် လုပ်အားဒါနပြုကြရတာပါ။
ဘုရားကြီး၏ အပေါ်ဘက်တွင် ဘုရား နှစ်ဆူနှင့် ဤလှိုင်ဂူတော်ကြီးတွင် ဘုရားဆင်းတုတော်များကို တည်ထားခဲ့သော ဆရာတော်ကြီး၏ ရုပ်ထုပုံ ရှိပါသည်။
သပ္ပါယ်လှတဲ့ လျှောင်းတော်မူ ဘုရားကြီး၏ ခြေတော် စုံပါ။   ဖြူဖွေးသန့် စဉ်အောင် ကျွှန်တော်တို့  ညီအကို တစ်စုမှ
သန့် ရှင်ရေး ကုသိုလ်များပြုခဲ့ကြပါသည်။
(၁၅.၄.၂၀၁၁)ဘုရားကြီးအား အချောသပ် မြန်မာမှုဖြင့်
ပြင်ဆင်မွန်းမံအပြီး ဖူးတွေ့ ရသောပုံပါ။ ဘုရားကြီးက အလွန်မတန်မှ သပ္ပါယ်လှပါတယ်၊ (အရပ်စကားဖြင့်ပြောရလျှင် ချောလွန်းလှပါတယ်)
ဤဂူဘုရားကြီးပြင်ဆင်မွန်းမံ ဗဒုမ္မာကြာသင်္ဃန်းကပ်ခြင်း ကိစ္စကို (၂၀၀၈ မှ ၂၀၁၁)ထိ အစစ ဦးစီးဦးဆောင်ပြုခဲ့သော ဆရာတော် ဦးရေ၀တ နှင့် ဦးတင်ကိုဖြစ်ပါသည်။
ဤဂူဘုရားကြီးတွင် ဘုရားဆင်းတုတော်နှင့် ဆရာတော်ကြီးများ၏ ရုပ်ထု တော်(၁၄) ဆူရှိပါသည်။ ယခုနှစ် သင်္ဃန်းအလှုရှင် တစ်ဦးဖြစ်သော ဆရာတော် ဦးရေ၀တနှင့် ကိုနေမျိုး ဖြစ်ပါသည်။ (ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ပါဘုရား။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.