လျှောင်းတော်မူ ဘုရားကြီးအား သွားရောက်ဖူးမျှော်စဉ် ဘုရားကြီး၏
တောင်ခြေ အ၀င်ဝရှိ စားအုံးဆီစိုက်ခင်းထဲတွင် မလေးရှားနိင်ငံ တင့်
ကားတပ်မှာ စစ်ရေးလေ့ကျင့်နေကြသည်ကို မထင်မှတ်ပဲတွေ့ 
လိုက်ရပြီး အမှတ်တရ ရိုတ်ကူးထားသောပုံများပါ။
ကျွှန်တော်တို့ တတွေ ပထမဘာသံမှ မကြားရသောကြောင့် မမြင်မိ
ကြပါ၊ နောက်မှ စက်သံကြားလို့  သေခြာကြည့်မိလိုက်မှ စားအုံးဆီ
တောထဲမှာ တင့်ကားတွေနင့် စစ်သားတွေ စစ်ရေးလေ့ကျင့်နေကြ
သည်ကို အံသြစွာဖြင့် မြင်တွေလိုက်ရပါသည်။
တင့်ကား အစီး(၅၀)ခန့် ရှိပါမည်၊ ကျွှန်တော်တို့  လေ့ကျင်နေတဲ့
တင့်ကားတွေ နောက် ကား အမှီလိုက်မောင်း ကြည့်ရာ လိုက်မမှီ၍
ကျန်နေခဲ့ပါသည်။ ဆိုလိုသည်မှာ ကျွှန်တော်တို့ ကမထင်မှတ်ပဲ တွေ့ 
လိုက်ရသောဤ စစ်ရေးလေ့ကျင့်မှုကို စီမံဆောင်ရွက်နေသော
လင်းရိုဘာ စစ်ကားနား ရောက်သောအခါ ကျွှန်တော်တို့ ကားကို
ခေါင်ဆောင်လုပ်နေသော စစ်အရာရှိမှ ပြုံးရွှင်စွာဖြင့် နုတ်ဆက်ရာ အံသြသွားမိပါသည်။ ကျွှန်တော်တို့  အထင်မှာ တားမည်စီးမည်ထင်ခဲ့မိလိုပါ။ သားသား နှင့်ကျွှန်တော်တို့ ပြန်ပြီးနုတ်ဆက်လက်ပြရာခင်မင်ရင်းနှီး
စွာဖြင့် ပြန်လည် နုတ်ဆက်လက်ပြကြပါသည်။ ကျွှန်တော်တို့ သည် မထင်မှတ်ပဲတွေလိုက်ရသောစစ်ရေး လေ့ကျင့်နေကြသည့် တင့်ကားများကို ငေးမောကြည်ခဲ့မိကြပါသည်။
တော်တော်မြန်ပါသည်၊ ဂျိုင့်တွေ ဂမု တွေ လှဲထားသောသစ်ပင်တွေပေါ်ကို ဖြတ်မောင်သွားတဲ့ တင့်ကားများသည် တစ်နာရီ ကီလို(၄၀) ၀န်းကျင်ခန့် ရှိမည်ထင်ပါသည်၊ အသံများ ဆူညံမနေပဲ ပုံမှန်ကားသံများပါ။ တင့်ကားပုံစံတွေက နောက်ဆုံးပေါ်ပုံစံ ဒီဇိုင်းတွေပါ ရေဒါတင့်ကားများပါ ပါဝင်နေသည်ကို တွေမြင် လိုက်ကြရပါသည်။ ကျွှန်တော်တို့ ကားသည် ကြည့်နေရင်ဖြင့် နေရာလွတ်သေား တင့်ကားနောက်မှ အမှီလိုက်မောင်းကြည့်ရာ ဂျိုင့်တွေ ဂမု တွေ များနေသောကြောင့် လိုက်မမှီပဲ ကျန်နေခဲ့ကြရပါသည်။
ဆိုလိုသည်မှာ ကျွှန်တော်တို့ တတွေ အဲဒီနေ့ က မထင်မှတ်ပဲ မေတ္တာတစ်ခုရလိုက်ပါသည်။ စိုးရမ်ကြောင့်ကျနေရသော ကျွှန်တော်တို့ ၏ ဘ၀ကို ဖြည့်စည်းပေးလိုက်သည် မေတ္တာသစ်တစ်ခု လိုမျိုး
ဖြစ်မည်ထင်ပါသည်။ ကျွှန်တော်တို့ ယခု နေထိုင်နေသော မလေးရှားနိင်ငံ၏ စစ်တပ်နှင့် ပြည်သူသည်
မေတ္တာဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ဆက်စံကြကြောင်းကို ကိုယ်တိုင်လက်တွေ့  ခံစားရမိလိုက်ခြင်း
ကြောင့်ဖြစ်ပါသည်။
အမှတ်တရ ရိုတ်ကူးထားသောဗွီဒီယို မှတ်တမ်းလေးပါ တင်ပြလိုက်ရပါသည်။
လာရောက် ဖတ်ရှုသူအားလုံး နှလုံး စိတ်ဝမ်းအေချမ်းကြပါစေလိုကြောင်း ဆန္ဒပြုလိုက်ရပါသည်၊
No comments:
Post a Comment
Note: Only a member of this blog may post a comment.