Tuesday, April 19, 2011

{New Year Panchin Ta }(3)

ဤ Gua Charas , Panchin Ta ဘုရားကြီး ကိုမြန်မာမှု ပြုခြင်း ကုသိုလ်ကို နေရော ညပါ အခါမလပ် အပန်းပန်ခံ၍ ဦးစီး ဦး ဆောင်ပြု နေသော ဆရာတော်ဦးရေ၀တ(Klang)
ဖြစ်ပါသည်။
ယခု ကဲသို့ ဘုရားကြီးကို လျှပ်စစ်မီးများနှင့် ကိုယ်လုံးတော်မှာ သပ္ပါယ်လှပ တင့်တယ်အောင် ပြင်ဆင်မွန်းမံခဲ့ကြပါသည်။
ပန်း၊ ရေချမ်း၊ ဆီမီး အမွှေးနံသာများ စိတ်ကျိုက်ကို ပူဇော်လိုက်ကြရပါတယ်။
ဆရာတော် ဦးရေ၀တ ဦးဆောင်ပြီး သံဃာ တစ်ပါး၊
လူ ပုဂ္ဂိုလ်  လေးဦးတို ဖြင့် အခက်အခဲပေါင်းမြောက်များစွားတို့ ကို ရင်ဆိုင်ပြီး ဘုရားကြီးအား ပြင်ဆင်မွန်းမံခဲ့ရတာပါ။
မြန်မာနှစ်ကူး မင်္ဂလာသင်္ဃန်းကို ယခုလို ၀တ်ဖြူစဉ်ကြယ်များ ဆင်မြန်းကာ တတ်စွမ်းသလောက် ကုသိုလ်များပြု ခဲ့ကြပါသည်။
အသင်သာ ဤကဲ့သို့  မထင်မှတ်ပဲ မင်္ဂလာ အချိန်အခါ မြန်မာ နှစ်ကူးအချိန်တွင် ဘုရားဆင်တုတော် တို့ အား
ဤကဲ့သို့   ရွှေသင်္ဃန်းများ ကပ်လှုပူဇော်ခွင့်ရခဲ့ပါက မည်သို့  ပိတိဖြစ်မည်ဆိုတာကို ဗုဒ္ဓဘာသာဝင် အပေါင်းသိရှိနိင်ရန်
ဖေါ်ပြပေးနိင်ပါမည်လား
စိတ်ကူးဖြင့် ဖေါ်ပြနေခြင်းမဟုတ်ပါ၊ အသင်ကို ဤကဲ့သို့ သောကု သိုလ် မျိုးကို မျှဝေပေးချင်ပါသည်၊ ရောက်ရာ အရပ်မှ သာဓု
ခေါ်ဆိုနိင်ရန် (အမျှ)၃ခါ ပေးဝေပါသည်။
(သာဓု )၃ ကြိမ်ခေါ်ဆို
နိင်ပြီး မဂ်တရား ဖိုလ်တရား နိဗ္ဗန်တရားနှင့် တရားထူးတရားမြတ်များ
ရရှိကြပါစေလို့  ပြန်လည်ဆုမွန်ကောင်းတောင်ပေးလိုက်ပါသည်။



ရှေ့ လာမည့်(၁၀၁၂) နှစ်တွင် ယခုလို ကု့ သိုလ်မျိုးပြုနိင်ရန် အသင်အား နိဗ္ဗန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.