Saturday, April 30, 2011

{New Year Panchin Ta }(4)

( ၁၆.၄.၂၀၁၁)နေ့  ဘုရာကြီးအား ၃ ရက်မြောက် ဆက်လက်၍ ယခု မြင်နေရသောတောင်ပေါ်သို မနေ့ က ကားပျက်နေသော
ကြောင့် နောက်ကျနေတဲ့  ကေအယ်မြို့ မှ မိသားစု မိတ်ဆွေများ ကွန်တန်မြို့ မှ မိသားစုများနှင့် နောက်ထပ် တက်ခဲ့ရပြန်ပါသည်။



မနန္ဒာမိသားစု ၏ မပင်မပန်း တကူတကဖြင့် မြန်မာပြည် မှ
ရွှေတိဂုံဘုရား မသိုး သင်္ဃန်းယက် အဖွဲ့ အား ဘုရား၏ ၀ိနည်းတော်ဖြင့် ချုပ်လုပ်ထားသော  သပ္ပါယ်လှသည့် ဗဒုမ္မာကြာသင်္ဃန်းတော်မြတ်ပါ။ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ (သာဓု)၃ ခေါ်ဆိုနိင်ရန်ပါ။

ဘုရားကြီး၏ သင်္ဃန်းတော်အသစ်မှာ အလွန်မတန်မှ သပ္ပါယ်ကြည်
ညိုစရာကောင်းလှပါသည်။ အသင် အားတဲ့နေ့ တစ်နေ့ မှာ လာ
ရောက်ပြီ ဖူးမျှော်ကြည်ညို ခွင့်ရပါစေလို့  ဆုတောင်းမေတ္တာ
ပေးလိုက်ပါသည်။


ကြုံတောင့်ကြုံခဲယခုလို  မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး၏
သဿနာတော် တည်တံ့ စေဖို့ အတွက် အထောက်အပံ့ ပြုလိုက်ရတဲ့
ကုသိုလ်ကံစေတနာတို့ ကို ဆင်ရဲးဒုတ္ခ ဘေးအမျိုးမျိုးတိုရောက်ရှိနေ
ကြကုန်သော သတ္တ၀ါတို့  အားလုံးအတွက် ရည်ရွယ်၍ ကျွှန်တော် ကျွှန်မတို့ စိတ်တူ ကိုယ်တူ မောင်နှမတစု တို့ 
ပြုကြသောကု သိုလ်များဖြစ်ပါသည်၊ အရပ်ဆယ်မျက်နှာမှ သတ္တ၀ါ
များအားလုံ ဤကုသိုလ်များကို ကျွှန်တော် ကျွှန်မတို့ နှင် အားလုံး ထပ်တူထပ်မြက်ရကြပါစေလို့  ဆုတောင်းမေတ္တာပေးဝေ လိုက်ပါသည်....။
ရောက်ရာ အရပ်မှာ မေတ္တာ မျှော်နေကြရတဲ့ ရွှေမြန်မာများ အတွက် အထူးရည်ရွယ်ပါသည်...။ ဆင်းရဲ ဘေးအပေါင်းမှကင်းလွတ်ကြပါစေ။
အသိထူးများ ရကြပါစေ၊ အမြင်ထူးများ မြင်တွေ့ နိင်ကြပါစေ၊ အကျင့်
သီလထူးများ ကျင့်ကြံပွားများ အားထုတ်နိင်ကြပါစေလို့  ကျွှန်တော် ကျွှန်မတို့  အားလုံးမှ မေတ္တာပို့ သလိုက်ပါသည်။

ဘုရားကြီးအာ နေစဉ်စောင့်ရှောက် နေသောဘုရား လူကြီး ပါ။

ဒီနှစ်မှာ တကယ်ကုသိုလ်ပြု လိုက်ရတဲ့ မောင်မျိုး ပါ။

ဘုရားကြီးအား ကုသိုလ်ပြုနေကြတဲ့ မောင်နှမတစ်စုပါ။
ဥမင်လှိုင်ခေါင်းထဲမှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား
ရည်မှန်း၍ ဘုရားရှစ်ခိုး သံပြိုင်ရွတ်ဆိုပူဇော်လိုက်ရသော အသံမှာ
ကမ္ဘာလှည့်ခရီးသွားများပင် ပြန်မလှည့်နိင်အောင် ငေးကြည့်ပြီး ပီတိ
ဖြစ်ရသောကုသိုလ်တစ်မျိုးဖြစ်ပါသည်။ အသင်အား ဤ ကုသိုလ် မျိုးကို ပေးချင်မိပါသည်။ လာရောက်ဖူးမျှော်နိင်ပါစေလို့  ဆုတောင်းပေးလိုက်ပါသည်။ အရာအရာ အဆင်ပြေကြပါစေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.