Monday, May 23, 2011

{ Garden international school Kuantan swmming gala. }(1)

ယနေ့ ရေကူးပြိုင်ပွဲက ကျောင်းသူ၊ ကျောင်သားများ ၊ ဆရာ ဆရာမများ နှင့် မိဘများအားလုံး တွေ့ ဆုံ ပျော်ရွှင်ကြသော
ပြိုင်ပွဲ လေးတစ်ခုပါ။

ကျောင်းအုပ် ဆရာကြီးနှင့် အတူ ဆရာ ဆရာမများ အားလုံးတို့ က ညီညီညွတ်ညွတ်နှင့် သူ့ တာဝန် ကိုယ့်တာဝန်မခွဲခြားပဲ လိုအပ်တဲ့
နေရာကို တာဝန်သိသိဖြင့် ၀င်ရောက်လုပ်ကိုင်နေကြတယ်၊ လစ်လပ်မှူ မရှိအောင် ပြုလုပ်သွားကြတယ်၊ အတုယူ စရာပါ၊ ဆရာ
ဆရာမတွေအားလုံဟာ တွေ့ လိုက်တဲ အချိန်တိုင်းမှာ လှိုက်လှိုက်လှဲလှဲပဲ တွေ့ ဆုံ ပြောဆို နုတ်ဆက်ကြတယ် မာန်မာန အဆင့်အတန်းမခွဲခြားဘူး ၊ ခလေးတွေကိုလည်း တန်ဖိုးထားကြတယ်၊ စာသင်တာကလည် ကွန်ပြူတာ အင်တာနက်၊ ခေတ်မှီတဲ့ သင်ကြားမှု အထောက်အကူပစ္စည်း ပုံစံအစုံရှိတယ်၊ ခလေးတွေက ကစားရင်းနဲ့  ပျော်ရွှင်စွာ စာသင်ကြရတယ်၊ ကျောင်ကပြီးလို့  အိပ်ပြန်ရောက်ရင် ဒီနေ့  ကျောင်းက သင်လိုက်တဲ့ သညာ၊ ပညာ တွေအားလုံးကို မိဘတွေကို ပြန်ပြောပြနိင်ကြတယ်။

ယခု သားသား တက်နေသော ကျောင်းက စာသင်တာ တစ်ခု ထဲမဟုတ် ယနေ့  လက်ရှိကာလမှာ ဘက်စုံတော်အောင်လေ့ကျင့်
သင်ကြားပေးနေသော ကျောင်းတစ်ခုဖြစ်တယ်၊ ယနေ့  ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲ ဒီနေ့  စာသင်တဲ့ အထဲမှာ သင်ကြားပြသ ဆွေနွေးကြတယ်၊ ဝေဖန်ကြရတယ်၊ တီထွင်ကြရတယ်၊ နိင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ စတဲ့ လူမှု အထောက်အကူ ပစ္စည်းတွေနဲ့  ဆွေးနွေး ဖလှယ် တိုင်ပင်ကြရတယ် ပြောပြရင် ယုံမလား မသိဘူး သားသားက ဒါတွေကို တော်တော် နာလည်နေပြီ လူ့ ဘ၀ကို သေသေချာချာ သိအောင် ကြိုးစားနေပြီး တစ်ခါတစ်လေ သူတွေးခေါ် မျှော်မြင်တာ မိဘ လုပ်တဲ့ သူတွေတောင် လိုက်မမှီဘူး ကျွှန်တော်တို့ က ဒါကို ဂုဏ်ယူပါတယ်၊ ကျွှန်တော်တို့ ထက် မြင့်မြတ်ထက်မြက်တဲ့ သားယောင်္ကျားကောင်း ၊ ပညာရှိသူတော်ကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ မိမိ အခြေချနေထိုင်ရာ ဒေသမှာ အားလုံးအတွက်
တန်ဖိုးရှိတဲ့ သားတစ်ယောက်ဖြစ်စေချင်တယ်။ နေရာဒေသ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး အပေါ်မှာလဲ တန်ဖိုးထားတတ်တဲ့ မြင့်မြတ်တဲ့ ပညာရှိ သူတော်ကောင်း သားတစ်ယောက်ဖြစ်စေချင်တယ်။

ယခု သားသားက မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး ပူဇော် တတ်တယ်။  နေ့ စဉ် ဘုရားရှိခိုးတယ်၊ ဗုဒ္ဓဘာသာ ယာဉ်ကျေးမှု သင်တန်းတက်တယ်၊ ညအိပ်ရင် လူကြီးမိဘ ကန်တော့ပြီးမှ အိပ်တယ်၊ အဖေကို ကူတယ်၊ အမေကို ဈေးဝိုင်း ၀ယ်ပေးတယ်၊ ဟင်းထမင်း ၀ိုင်းကူချက်ပေးတယ်၊ ပန်ကန်ဝိုင်းဆေးပေးတယ်၊ ပန်းချီဆွဲတယ်၊ စာရေးတယ်၊ အင်တာနက်ကြည့်တယ်၊ စက်ဘီးစီးတယ်၊ စန္ဒယားတီးတယ်၊ အကသင်တယ်၊ ရေကူးလည်းသင်တယ်၊ ခရီးသွားရတာကို ပျော်တယ်၊ လေယာဉ်ပျံတွေကို စိတ်ဝင်စားတယ်၊ ဘတ်စ်ကားကြီးတွေကို စိတ်ဝင်စားတယ်၊ ကားမောင်တာလည်း စိတ်ဝင်စားတယ်၊ စည်းကမ်းလည်း လိုက်နာတယ်၊ မတရားလုပ်ကာ အနိင်ကျင့်တာ မကြိုက်ဘူး၊ တစ်ဦးကို တစ်ဦး လေးလေးစားစား ဆက်ဆံတာကို ကြိုက်တယ်၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်တယ်၊ သနားကြင်နာတတ်တယ်၊ အစာကျွေးတယ်။

သူငယ်ချင်းတွေက သားသားကို ချစ်ကြတယ်၊ သူက (၆)နှစ်ကျော် ရွယ်တူတွေထဲးမှာ သူက လူကောင်အကြီးဆုံး ဒါကြောင့်
ငယ်တဲ့ ခလေးတွေက အားကိုးကြတယ်၊ ကြီးတဲ့ ခလေးတွေက ခင်ကြတယ်။ ဒါပေမဲ့ ခက်တာက သားသားက တစ်ဦးထဲတစ်ယောက်ထဲ သားဖြစ်လို့  တစ်ခါတစ်လေ နွဲ့ ဆိုးဆိုးတတ်တယ်၊ တစ်ခါတစ်လေ ဗိုလ်ကျချင်တယ်၊ တစ်ခါတစ်လေ မိဘက သူကို ဂရုစိုက်တာ ခံချင်တယ်။ သနားဖို့ လည်းကောင်းတယ်၊ ဘေးအိမ်တွေမှာက လူမျိုးမတူ ဘာသာမတူ၊ ရွယ်တူ ခလေးမရှိ လမ်းထဲမှာ ကစားဖေါ်မရှိ၊ လူ့ ဘ၀ကို တီဗွီတွေ အရုပ်တွေ စတဲ့ ကစားစရာတွေနဲ့ ကြီးပြင်ခဲ့ရာက
အခု လိုကျောင်းနေမှ မူကြိုကစပြီး ရွယ်တူ သူငယ်ချင်းတွေနဲ ကစားရတော့ပျော်တယ်။

ပထမဆုံး ခလေးထိန်ကျောင်း သားသားဆရာမကြီးက မလေးတရုပ် အင်္ဂလန်မှာ သူနာပြု သွားလုပ်တာ (၁၅)နှစ်ကြာခဲ့တယ်၊ စည်းကမ်း
ကောင်းတယ် စံနှစ် ရှိတယ် အင်္ဂလိပ် စကားပြောကောင်းတယ်၊ ပီသအောင်ပြော နိင်တယ်၊ ဒါကြောင့် သားသား (၂)နှစ်သားထဲက အင်္ဂလိပ်စကား ပြောတတ်နေတယ်။ သူ့ ဆရာမကြီးက အရမ်း
ချစ်တယ်၊ မိဘတွေ ကိစ္စရှိလို့ မအားရင် သူအိမ်မှာခေါ်ထားတယ်၊
ထမင်းကျွေးတယ် စာဖတ်ခိုင်းတယ်၊ သီတင်းကျွတ်ရင် သားသားက သွားကန်တော့တယ်။

သားသား (၃) နှစ်ကျော်တော့ ရပ်ကွက်ထဲက မူကြိုကျောင်းမှာ တွဲထားတယ်၊ မနက် ခလေးထိန်းသွား နေ့ လည် မူကြိုတက်
ခလေးက တစ်နေ့ ကုန်မနားခဲ့ရဘူး သနားပါတယ်၊ ဒါပေမဲ့ ဘ၀ပေးအခြေ အနေအရ မတတ်နိင်ဘူး ဒီလိုပဲ
ဖြစ်လာရတယ်၊ နေ့ စဉ် ဖေဖေ မေမေ သားသား မနက် (၈း၀၀) ခလေထိန်းကျောင်းသွား၊ ပြီးတော့ မေမေ ကျောင်း၊  နေ့ ခင်း (၁၂း၃၀) သားသား ပြန်ကြို ၊ အိမ်ခနပြန် ရေမိုချိုး၊ ဖေဖေ သားသား နေလည်စာအတူစား နေခင်း(၁း၃၀) မှာ မူကြို ပြန်ပို့  ညနေ(၅း၃၀)ပြန်ကြို ၊  ပြီးတော့ မေမေ ကျောင်းပြန်ကြို ကြရတယ်။

မိသားစုသုံးယောက်က ညနေ (၆း၀၀)ကျော်မှ မျက်နှာချင်း
ဆိုင်စုံကြရတယ်၊ နေ့ စဉ်ဒီလိုပဲ အလုပ်ပိတ် ကျောင်းပိတ်မှ တစ်နေကုန် စုံတယ်၊ မလေးရှားနိင်ငံ အနံ အားတဲ့ အချိန်တိုင်း အပျော်ခရီးထွက်ကြတယ်၊ တစ်ခါတစ်လေ စင်္ကာပူ သွားလည်တယ်။ ဒီလိုပဲ သားသား ဘ၀ကကြီးပြင်းခဲ့တယ်၊ မူကြိုက ကျောင်းအုပ် ဆရာမကြီး Mrs Lee က သားသားကို အရမ်းသဘောကျတယ်၊ ဘာဖြစ်လို့ လဲဆိုရင် သားသားက ၀တော့ ရေချိုးပြီးရင် မြန်မာသနပ်ခါး ရွှေပြည်နမ်းကို ပါကွက်ကွက်ပြီး ဖိုးဝရုပ်လိုလိမ်းပေးလိုက်တယ်၊ ခေါင်းက ဆံပင်ကို ခေါင်းလိမ်းဆီနဲ့  ULTERMAN လိုဆံပင်ကို
ထောင်ပေးလိုက်တယ်၊ ကျောင်းဝင်ထဲဝင်ရင် ဆရာမတွေက တံခါးဝမှာ ရပ်ပြီး ခလေးတွေကို စစ်ဆေး ကြိုဆိုကြတယ်၊ ကြိုတဲ့ ဆရာမတွေကို သားသားက ပြုံးပြီး လက်အုပ်ချီ ဦးတော်လုပ်တယ်၊ ဆရာမတွေက
ကျောင်းတက်ခါစမှာ ဘာမှန်းမသိသေးဘူး နောက်ရင်းနှီးလာတော့ မေးတယ်၊ ဦးတော်ဆိုတာ ဘာလည်းတဲ့ ၊ကျွှန်တော်တို့ လည်း ဦးတော်ဆိုတာ လူကြီး မိဘ ဆရာသမားကို အရိုအသေပေးတာလို ရှင်းပြလိုက်တယ်၊ ဆရာမတွေက သူတို့ ကို အရိုအသေပေးမှန်းသိသွားတော့ သားသားကျောင်းလာခါနီး အချိန်ဆိုရင်
ကျောင်းအ၀င်ဝမှာ စောင့်နေကြတယ်၊ ဦးတော် လုပ်ကြမလို ပြေားပြရရင် မလေးရှားက မူကြိုကျောင်း တစ်ခုမှာ ဦးတော်လုပ်တာ ခေတ်စားသွားတယ်၊ သားသားက လူက ၀တုတ် မျက်နှာက သနပ်ခါး ပါးကွက်နဲ့  ခေါင်းက ကေကိုထောင်ထားတော့ ဖိုးဝရုပ်လို ချစ်စရာကောင်းနေတယ်၊ ဆရာမတွေရေား ခလေးတွေပါ ချစ်ခင်ကြတယ်။ အတန်းထဲမှာလည်း ကျောင်းသားခေါင်းဆောင်ပဲ။


အမှတ်တရ ရယ်စရာတစ်ခု ပြောပြချင်တယ်၊
ကျောင်းမှာ ကျောင်းသားခေါင်းဆောင် ဆိုတော့ ကျောင်းသားတွေကို ထိန်းရတယ်၊ တစ်နေ့  သူငယ်ချင်း အင်္ဂလန် သူလေးကို တခြား အင်္ဂလန်သူလေး တစ်ယောက်က နပ်ချီးနဲ့  သုပ်တယ်၊ အသုပ်ခံရတဲ့ အင်္ဂလန်သူလေးက သားသားကို လာတိုင်တယ်၊ ဒါကြောင့် သားသားက နပ်ချီးနဲ့  သုပ်တဲ့ ကောင်မလေးကို မလုပ်နဲ့ လို ပြေားတယ်၊ နပ်ချီးနဲ့  နောက်ထပ် ထပ်သုပ်တယ်၊ သားသားက လက်ကို ဆိတ်လိုက်တယ်၊ ဒါကို နပ်ချီးနဲ့ သုပ်တဲ့ အင်္ဂလန်ကောင်မလေးက ကျောင်အုပ် ဆရာမကြီးကို သွားတိုင်တယ်၊ ဆရာမကြီး ရောက်လာတယ်၊ ဆိတ်တာကိုပဲ သိ့ပြီး သားသားကို ဆိတ်ရမလာဆိုပြီး လက်ကို ပေတံနဲ ရိုတ်ခံလိုက်ရတယ်၊ ဒါကို သားသားက မကြေနပ်ဘူး ပြောပြတော့ အဆူပဲ ခံလိုက်ရတယ်၊ ကျောင်သားတွေ အားလုံးရှေမှာ အရိုတ်ခံလိုက်ရတော့ ရှက်လည်း ရှက်သွားတယ်၊ နေလည်ကျောင်းဆင်းသွားကြိုတော့ အဖေကို ငိုတိုင်တယ်၊ ဒါကို ဆရာမကြီးက သိလို့  လာပြီး သူလက်ကို ရိုတ်လိုက်ပါတယ်လို့  လာရှင်းပြတယ်၊ ဒါပေမဲ့ သားသားက မကြေနပ်ဘူး နောက်နေ့  သုံးရက် ဆက်တိုက် ကျောင်းမတက်တော့ ဘူး၊ ဆန္ဒပြလိုက်တယ်၊ သားသားက ကျောင်းမှာ ခလေးတွေနဲ့  ကစားဖေါ်ကစားဖက် ခေါင်းဆောင်ဆိုတော့ သူကျောင်းမတက်တော့ ကျန်တဲ့ ခလေးတွေ လည်း ကျောင်းမတက်ချင်ကြတော့ဘူး ခလေးတွေက ကစားဖေါ် မရှိလို့ ကို ၊ နောက်တော့ ဆရာမကြီးက လာပြန်ချော့ရတယ်၊ သားကိုကျောင်းသာခေါင်ဆောင်ခန့်  ပြီး ကျောင်းသားတွေကို ဘာလို မထိန်းခိုင်းတာလဲလို့  ဆရာမကြီးကို သားသားက ပြောလိုက်တယ်၊ ကျောင်းမှာနောက် ဒါမျိုး မဖြစ်တော့ဘူး ဆရာမကြီးလည်း သင်ခန်းစာရသွားတယ် သားသားလည်း သင်ခန်းစာရသွားတယ်။


ကျောင်းတွေတက်ခဲ့သမျှ မြန်မာဆိုလို့  သားသား တစ်ယောက်ထဲပဲ
သားသား(၅) နှစ်ပြည့်တော့ (Garden international school Kuantan) မှာ ပြောင်တက်ရတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.