Thursday, July 7, 2011

{ ကရင်မလင် နွေရာသီ လူငယ်ကမ့် ဓာတ်ပုံများ }

ကရင်မလင် နွေရာသီ လူငယ်ကမ့် ဓာတ်ပုံများ

E-mail Print PDF

ထောင်ပေါင်းများစွာသော နိုင်ငံအသီးသီးမှ ကျောင်းသား လူငယ်များမှာ နှစ်စဉ် ရုရှားတွင် ကျင်းပတဲ့ Youth Camp များသို့ စုဝေးရောက်ရှိလာကြသည်။ ၄င်း နွေရာသီ ကမ့်တွေကို ကရင်မလင် အစိုးရ
မွေးထားတဲ့ လူငယ်များက ဦးဆောင်ဖွဲ့စည်းပြီး၊ ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ရုရှား အစိုးရ ၀ါဒဖြန့်ဖို့ ကျင်းပတဲ့ လူငယ်ကမ့်များ ဖြစ်ခဲ့သည်။
သို့သော် ယခုနှစ် ရုရှား လူငယ် ကမ့် ပွဲတော်ရဲ့ ထူးခြားချက်ကတော့ နိုင်ငံရေးကိစ္စတွေ ရှောင်ရှားပြီး အိုင်ဒီယာတွေ ဆန်းသစ် တီထွင်မှုတွေ အလေးပေးဖို့ ကရင်မလင် လူငယ်များက ကြေငြာဖိတ်ကြားခဲ့သည်။ သို့နှင့်တိုင် ကမ့်ကွင်းပြင်များတွင် ရုရှားအစိုးရ ၀ါဒဖြန့် ပုံများကို တွေ့နေရသည်။

အထက်ပုံတွင် ၂၀၁၁ ဇူလိုင် ၄ ရက်နေ့က ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင်ရဲ့ ပုံကို ကမ့် စင်မြင့်တစ်ခုဘေးမှာ ချိတ်ထားတာကို တွေ့မြင်ရခြင်း ဖြစ်သည်။

ရုရှားသမ္မတ ဒီမီထရီ မဒ်ဗီဒဗ် ရဲ့ ပိုစတာကိုလည်း ဇူလိုင် ၄ ရက်နေ့ ကမ့်ကွင်းပြင်တွင် တွေ့ရစဉ်။

ဇူလိုင် ၄ ရက်တွင် အစိုးရဌာနချူပ် ရုရှားအိမ်ဖြူတော် ပုံစံတူ မော်ဒယ်လ် တည်ဆောက်ဖို့ ကမ့်မှ လူငယ်များ သစ်လုံးထမ်းလာစဉ်။

ရုရှားနိုင်ငံအနှံမှ လူငယ်များနှင့် နိုင်ငံခြားမှ လူငယ် ထောင်ပေါင်းများစွာ ကမ့်တွင် ဇူလိုင် ၄ ရက်နေ့က ကစားနေကြစဉ်။

ရေကူးခြင်းနှင့် ကမ့်ပြင်ပ လှုပ်ရှားဆောင်ရွက်မှုများအပြီး ရွက်ဖျင်တဲများဘေးမှ ဖြတ်လျှောက်လာသော ကျောင်းသူလေး။

ဇူလိုင် ၄ရက်မှာ အမေရိကန် လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက်၊ အမေရိကန် ကျောင်းသားများက ရုရှားကမ့်တွင် hot dogs များ ဝေငှနေစဉ်။

ယခင်နှစ်များတွင် ကမ့်ဖွင့်ပွဲသို့ ရုရှားခေါင်းဆောင် ပူတင် လာနေကြဖြစ်သည်။ မနှစ်က သမ္မတ မဒ်ဗီဒဗ် လာခဲ့သည်။ ကမ့်သိမ်းပွဲမှာ ဩဂုတ်လ ၂ ရက်နေ့မှ ဖြစ်သည့်အတွက် သူတို့နှစ်ဦးမှ တစ်ဦးဦး ကြွချီဩ၀ါဒ ချွေဖို့ ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း
http://www.maukkha.org/index.php?option=com_content&view=article&id=1510:2011-07-06-09-21-30&catid=120:2010-10-11-07-37-22&Itemid=374

No comments:

Post a Comment

Note: Only a member of this blog may post a comment.