သားသား ပဏ်သုတ ဖတ်ရန်အတွက်
သမ္မတကြီးရဲ့ ဆံပင်တွေကလည်း အနော့်ဆံပင်တွေလိုပါပဲ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Sunday, 22 July 2012 06:36
- Written by မြန်ပန်းရှင်
"ကျနော့်ရဲ့ ဆံပင်တွေက သမ္မတကြီးလိုပဲလားဆိုတာ သိချင်လိုက်တာ ခင်ဗျာ။" သမ္မတကြီးက နောက်တစ်ခေါက် ထပ်ပြောဖို့ ပြောတယ်။ Jacob က ထပ်ပြောလိုက်တော့ သမ္မတအိုဘားမားက အခုလို ပြန်ဖြေပါတယ်။
"သားကိုယ်တိုင် လက်နဲ့ ထိပြီး စစ်ကြည့်လိုက်ပါလား။"

၅ နှစ် အရွယ် ဂျက်ကော့လေးဟာ သူ့ရဲ့ ဆံပင်နဲ့ သမ္မတကြီးရဲ့ ဆံပင်တွေဟာ အတူတူပဲလားဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်နေပုံ
"ထိကြည့်လိုက်ပါ ကိုယ့်လူရ" လို့ သမ္မတအိုဘားမားက ပြောလိုက်တယ်။
Jacob လေးဟာ နိုင်ငံတော် သမ္မတကြီးရဲ့ ဦးခေါင်းကို ဖွဖွလေး ပုတ်ပြီး ကိုင်စမ်းကြည့်လိုက်ပါတယ်။ "ကဲ သား အခုဘယ်လို ထင်လဲ" လို့ သမ္မတကြီးက မေးလိုက်တာပါ။
"ဟုတ်ကဲ့ အတူတူပဲလို့ ခံစားရပါတယ်။" Jacob က ပြန်ဖြေခဲ့တယ်။
ဒီနေရာမှာ ထူးထူးထွေထွေ စဉ်စားစရာ မလိုဘဲ သိနိုင်တာကတော့ "ဟ သမ္မတကြီးဆိုတာဟာလည်း ကိုယ်လို၊ သူလိုပါပဲလား။ ငါလည်း တနေ့ကျရင် ဒီ အိမ်ဖြူတော်မှာ နိုင်ငံတော် သမ္မတကြီး ဖြစ်လာနိုင်တာပဲ" လို့ ဒီကလေးက တွေးနေမှာ ဆိုတာကိုပါပဲ။
ဒါကို တချို့က ရိုသေလေးစားမှု မရှိတဲ့ အပြုအမူလို့ မြင်ကောင်း မြင်နိုင်ပေမဲ့၊ ဒီလိုအချိန်မျိုးလေးတွေကို သင်ကိုယ်တိုင် ကြုံလာခဲ့ရင် ကလေးငယ်လေးတွေရဲ့ စိတ်ဓာတ် ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ အတွက် ဒါမျိုးလုပ်ဖို့ ထိုက်တန်တယ်ဆိုတာ သင့်ကို ဒီဖြစ်ရပ်လေးက သတိရစေမှာပါ။
အိုဘားမားရဲ့ အကြံပေးပုဂ္ဂိုလ် David Axelrod ရဲ့ ရုံးခန်းမှာ၊ Jacob တို့မိသားစုရဲ့ ဧည့်ခန်းမှာ၊ အခြားသော နေရာများစွာမှာလည်း ချိတ်ဆွဲထားတဲ့ ပုံတစ်ပုံဖြစ်နေပါပြီ။
အခုတော့ အသက် ၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ကော့လေးဟာ တကယ်ပဲ သမ္မတဖြစ်ဖို့ မျှော်လင့်ချက် အိပ်မက်ရှိကြောင်း ပြောပါတယ်။ "ဒါမှမဟုတ်ရင်တော့လည်း လေယာဉ်မှူး ပိုင်းလော့ပေါ့"
မြတ်ပန်းရှင်
No comments:
Post a Comment
Note: Only a member of this blog may post a comment.